news

Asia World Foundation is proud to support the SMM 3rd Asian “Asia World Foundation” Men’s U23 Volleyball Championship


[English Below]

ရန်ကုန် – မတ်လ ၂၆ ရက်၊ ၂၀၁၉ ခုနှစ် – အေးရှားဝေါလ်ကုမ္ပဏီမှ ဖွဲ့စည်းတည်ထောင်ထားသော ပြည်သူ့အကျိုးပြု အဖွဲ့အစည်းတစ်ခုဖြစ်သည့် အေးရှားဝေါလ်ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတစ်ဝန်း ကောင်းမွန်သော လူမှုအဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိရာ တတိယအကြိမ်မြောက် “အေးရှားဝေါလ်  ဖောင်ဒေးရှင်း” အသက် ၂၃ နှစ်အောက် အာရှအမျိုးသား ဘော်လီဘောပြိုင်ပွဲအား အေးရှားဝေါလ်ဖောင်ဒေးရှင်းနှင့်အ တူ အေးရှားဝေါလ်ကုမ္ပဏီခွဲများဖြစ်သည့် Yangon Aerodrome Company Limited (YACL) ၊ Pioneer Aerodrome Services (PAS) ၊ Global World Insurance (GWI) ၊ Horizon Lake View Resort နှင့် မြတ်တော်ဝင်ဟိုတယ်တို့မှ အဓိကပံ့ပိုးသူများအဖြစ် ဂုဏ်ယူဝမ်းမြောက်စွာ လက်ခံကျင်းပပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့မှ  ကြီးမှူးကျင်းပမည့် အဆိုပါဘော်လီ  ဘောပြိုင်ပွဲကို မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပါသည်။ အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံများအဖြစ် မြန်မာ၊ သီရိလင်္ကာ၊ သြစတေးလျ၊ ကာဇက်စတန်၊ ဗီယက်နမ်၊ ဂျပန်၊ တရုတ် (တိုင်ပေ)၊ ပါကစ္စတန်၊ နယူးဇီလန်၊ ထိုင်း၊ တရုတ်နိုင်ငံတို့အပါအ၀င် အရှေ့ပိုင်းဇုန်နှင့် အနောက်ပိုင်းဇုန် မှ အသင်းများအပါအ၀င် အသင်းပေါင်း ၁၆ သင်း ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။

 

ပြိုင်ပွဲဝင်နိုင်ငံ ၁၆ နိုင်ငံ ၏ အုပ်စုမဲခွဲပွဲအခမ်းအနားအား ၂၀၁၉ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 3 အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ အိမ်ရှင်မြန်မာအသင်းက သီရိလင်္ကာ၊ သြစတေးလျ၊ EZ (ဟောင်ကောင်၊ မကာအို) အသင်းများနှင့်အတူ အုပ်စု (က) တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါသည်။ အုပ်စု (ခ) တွင် ဂျပန်၊ ကာဇက်စတန်၊ WZ-2 နှင့် ဗီယက်နမ်အသင်းများ၊ အုပ်စု (ဂ) တွင် တရုတ် (တိုင်ပေ)၊ ပါကစ္စတန်၊ WZ-3 နှင့် WZ-1 အသင်းများ၊ အုပ်စု (ဃ) တွင် ထိုင်း၊ တရုတ်၊ CZ နှင့် နယူးဇီလန်အသင်းများမှ အသီး သီးပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံဘော်လီဘောအသင်း အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ပါစေကြောင်း အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ ဆုမွန်  ကောင်းတောင်းအပ်ပါသည်။

 

Yangon – 26 March 2019 – In line with our corporate mission of supporting and bringing local communities together, Asia World Foundation – the charitable arm of Asia World Group of Companies together with our subsidiaries Yangon Aerodrome Company Limited (YACL), Pioneer Aerodrome Services (PAS), Global World Insurance (GWI), Horizon Lake View Resort and Myat Taw Win Hotel – is proud to be the main sponsor for the SMM 3rd Asian “Asia World Foundation” Men’s U23 Volleyball Championship.

 

Organized by the Ministry of Health and Sports and the Myanmar Volleyball Federation, the tournament will be held in Nay Pyi Taw, Myanmar from 3rd August to 11th August 2019 at the Wunna Theikdi Indoor Stadium. This year, total of 16 teams from Australia, China, Chinese Taipei, Japan, Kazakhstan, Myanmar, New Zealand, Pakistan, Sri Lanka, Thailand, (East), (West) and (Central) Zones will participate in the championship.

 

The group stage draws for the SMM 3rd Asian “Asia World Foundation” Men’s U23 Volleyball Championship was held at Yangon International Airport Terminal 3 corporate event hall on 26th March 2019 and Myanmar, the host of the tournament will play with Sri Lanka, Australia and EZ (HKG, MAC) in Group A according to the draw results. Japan, Kazakhstan, WZ-2 (BRN, KSA, PLE, QAT, KUW, IRQ, UAE) and Vietnam Teams in Group B, Chinese Taipei, Pakistan, WZ-3 (BRN, KSA, PLE, QAT, KUW, IRQ, UAE) and WZ-1 (BRN, KSA, PLE, QAT, KUW, IRQ, UAE) Teams in Group C and Thailand, China, CZ (IND, TKM) and New Zealand Teams are in Group D respectively.

 

Asia World Foundation wishes Team Myanmar the best of luck in the games.

 

Download English Press Release

Download Myanmar Press Release

Related Posts

Leave Your Comment