news

Asia World Foundation fulfill the needs of local communities along the upgraded Angumaw – Maungdaw Road


[English Below]

အေးရှားဝေါလ် ကုမ္ပဏီ မှ ဖွဲ့စည်းတည်ထောင်ထားသော ပြည်သူ့အကျိုးပြု အဖွဲ့အစည်းတစ်ခု ဖြစ်သည့် အေးရှားဝေါလ် ဖောင်ဒေးရှင်းသည် UEHRD ၏ လမ်းညွှန်မှု နှင့်အညီ ရခိုင်ပြည်နယ် မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အငူမော် – မောင်တော လမ်းပိုင်းအဆင့်မြှင့်တင်ရေး စီမံကိန်းကို မည်သည့်အကျိုးအမြတ်မျှရယူခြင်းမရှိပဲ လှူဒါန်း ဆောင်ရွက်လျက်ရှိရာ လမ်းအဆင့်မြှင့်တင်ရေးသာမက အငူမော် – မောင်တော လမ်းတစ်လျှောက်မှ ဒေသခံပြည်သူများ၏ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။

အေးရှားဝေါလ် ဖောင်ဒေးရှင်း သည် အငူမော် – မောင်တော လမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း ကာလအတွင်း ဒေသခံများ၏ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်္ဘော သုံးစီးတစ်ပြိုင်နက် ဆိုက်ကပ်နိုင်သည့် ကုန်တင်ကုန်ချဆိပ်ကမ်း အသစ်တည်ဆောက်ခြင်း၊ ဒေသခံများလွယ်ကူစွာသွားလာနိုင်ရန် ဆိပ်ကမ်းတံတား၊ ကျေးရွာဒေသခံများ အတွက် သောက်သုံးရေကန်နှင့် ဆည်ပြုပြင်တည်ဆောက်ခြင်း၊ ကျေးရွာဒေသခံ၏များ အတွက် ဘုရားကုန်း စောင်းတန်း ကွန်ကရစ်လှေခါးတည်ဆောက်ခြင်း၊ ကျေးရွာများအတွင်းရှိ လမ်းများအား ကွန်ကရစ် လမ်းခင်းပေးခြင်း၊ ရေမြောင်းတံတားတည်ဆောက်ခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထို့အပြင် ပညာရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်များ အတွက် အငူမော် – မောင်တော လမ်း တစ်လျှောက်ရှိ ကျေးရွာများမှ စာသင်ကျောင်းများ ပြုပြင်မွမ်းမံခြင်း၊ စာကြည့်တိုက်များတည်ဆောက်ပေးခြင်း၊ အခမဲ့ဆေးကုသပေးခြင်း၊ကျေးရွာဆေးပေးခန်းများသို့ ဆေးဝါးများ လှူဒါန်းခြင်း နှင့် အိမ်သာများ ဆောက်လုပ် လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။

အေးရှားဝေါလ် ဖောင်ဒေးရှင်း အနေဖြင့် ရခိုင်ပြည်နယ် မောင်တော ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများ၏ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး နှင့် ကျန်းမာရေး ကဏ္ဍ များတွင် ပါဝင် ကူညီဆောင်ရွက်ပေးနိုင်သည့်အတွက် အထူးပင် ဂုဏ်ယူမိပါသည်။ အေးရှားဝေါလ် ဖောင်ဒေးရှင်း သည် နိုင်ငံတော်အတွက် အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပျက် ဆောင်ရွက်သွားနိုင်ရန် မျှော်မှန်းလျက်ရှိပါသည်။

Asia World Foundation, the charitable arm of Asia World group of Companies, is also fulfilling the needs of local communities along the upgraded Angumaw – Maungdaw Road for the socio-economic development of local communities.
The Angumaw – Maungdaw road development project is the single biggest not-for-profit project undertaken by the Foundation under directives of UEHRD for the development of Maungdaw Region in Rakhine State.

Apart from the road upgrade, Asia World Foundation has constructed a new jetty where three vessels can dock simultaneously for loading and unloading cargo, a ladder at the old jetty for easy transportation, reconstruction of village dam for storage of fresh water for drinking and agriculture, construction of concrete steps on Pagoda hill together with villagers, concrete paving of village streets and building culverts.

For education and healthcare, Asia World Foundation helped in the maintenance of old school buildings and building libraries in villages along the road, provided free healthcare services, donated medicine to village clinics and built new toilets for villagers.

Asia World Foundation is proud to contribute to the needs of the local community in social, educational and healthcare areas aside from the road upgrading project for the development of Maungdaw region in Rakhine State. We look forward to providing more assistance for the country.

Related Posts

Leave Your Comment