news

Asia World Foundation’s donation of a Basic Education High School building in Thayat Kone -1 Village, Naung Cho Township, Northern Shan State


[English Below]

အေးရှားဝေါ(လ်)ဖောင်ဒေးရှင်းမှဆောက်လုပ်လှူဒါန်းသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဘန်ဘွေး ပညာရေးနယ်မြေ သရက်ကုန်း-၁ ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်ကို ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ပညာရေးဝန်ကြီးဌာနသို့ ဇန်န၀ါရီလ ၂၉ ရက်နေ့ က လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ အခမ်းအနားကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင် ၊ နောင်ချိုမြို့နယ် ပညာရေးမှူး ဒေါ်မီမီကျော် နှင့် သရက်ကုန်း-၁ ကျေးရွာ အထက်တန်းကျောင်းခွဲ မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းညွန့်ညွန့် တို့က တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

သရက်ကုန်းကျေးရွာ အထက်တန်းကျောင်းတွင် စာသင်ခန်းလိုအပ်ချက်ရှိနေခဲ့ရာ ဆရာဆရာမများနှင့် ကျေးရွာမှ ကျောင်းသား ကျောင်းသူများ အတွက် ယခင်က ပညာသင်ကြားရေးတွင် အခက်အခဲများကြုံတွေ့ခဲ့ရပါသည်။ အေးရှားဝေါ(လ်) ဖောင်ဒေးရှင်း မှ ဆောက်လုပ်လှူဒါန်းသော ကျောင်းဆောင်အသစ် မှာ အလျား ၂၀၄ ပေ၊ အနံ ၃၆ ပေ၊ အမြင့် ၁၂ ပေ ရှိ RC တစ်ထပ်ကျောင်းဆောင်ဖြစ်ပါသည်။ ယခုဖွင့်လှစ်လိုက်သော ကျောင်းဆောင်သစ်တွင် သိပ္ပံခန်း တစ်ခန်း၊ ခန်းမ ၃ ခန်း၊ စာသင်ခန်း ၄ ခန်း၊ ဆရာဆရာမများ နားနေခန်း ၁ ခန်းနှင့် ကွန်ပြူတာ စာကြည့်တိုက် ၁ ခန်း တို့အပါအ၀င် အခန်းပေါင်း ၁၀ ခန်းပါရှိပါသည်။ ဆက်လက်၍ အေးရှားဝေါလ် ဖောင်ဒေးရှင်းမှ ကျောင်းဆောင်သစ်အတွက် လိုအပ်သော ပရိဘောဂများ နှင့် ကျောင်းသားကျောင်းသူများအတွက် စာရေးကိရိယာ ပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။

အေးရှားဝေါ(လ်)ဖောင်ဒေးရှင်း အနေဖြင့်လည်း ယခုကဲ့သို့ ကျေးရွာ၏ ပညာရေးအခွင့်အလမ်းများကို ပံ့ပိုးပေးပြီး ကျေးရွာဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်သည့်အတွက် အထူးပင် ဂုဏ်ယူမိပါသည်။ အေးရှားဝေါ(လ်)ဖောင်ဒေးရှင်း သည် နိုင်ငံတော်အတွက် အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပျက် ဆောင်ရွက်သွားနိုင်ရန် မျှော်မှန်းလျက်ရှိပါသည်။

 

Asia World Foundation’s donation of a Basic Education High School building in Thayat Kone -1 Village, Naung Cho Township, Northern Shan State was officially handed over to the region’s Ministry of Education on 29 January 2019. At the opening ceremony, Director General of Civil Aviation Department U Min Lwin and Education Officer of Naung Cho Township Daw Ni Ni Kyaw and Headmistress of the high school Daw Nan Nyunt Nyunt presided over the ribbon cutting and handover ceremony.

As Thayat Kone Village is in need of classrooms in the village school, teachers and students in the area faced many challenges and difficulties in education. Constructed and donated by AWF, the new school building is a single-storey RC building with length 204 ft x width 36ft x height 12 ft. The building consists of 10 rooms including a science laboratory, 3 halls,4 classrooms, one teacher restroom and a computer library. Furthermore, AWF donated furniture for new building and stocked up stationery supplies for the students.

Asia World Foundation is proud to play a role in consistently contributing to the country’s education needs and looking forward to provide more assistance for the country.

 

 
Related Posts

Leave Your Comment